25.8 C
Yangon

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယကြိမ်မိုင်းခွဲခံရပြီး ပျက်စီးကျိုးကျ

Must read

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ မိုးကောင်းတံတား ဒုတိယကြိမ်မိုင်းခွဲခံရပြီး ပျက်စီးကျိုးကျ

ရန်ကုန်၊ မေ ၄

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင် – သထုံ – ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုးကောင်းတံတားမှာ ယမန်နေ့ညပိုင်း မိုင်းပေါက်ကွဲပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသပြည်သူများနှင့် ကုန်တင်ယာဉ်မောင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၃ ရက်နေ့ ည ၁၁ နာရီ ၁၉ မိနစ်အချိန် မော်လမြိုင် – သထုံ – ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုး ကောင်းတံတားမှာ မိုင်းခွဲခံရခြင်းဖြစ်ပြီး တံတားမှာ လုံး၀ပြိုကျပျက်စီးသွားကြောင်း၊ ယခု မိုင်းခွဲခံရမှုမှာ ဒုတိယအကြိမ် မိုင်းခွဲမှုဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း မိုင်းခွဲခံရ၍ မိုးကောင်းတံတား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“မိုးကောင်းဘုရားနားမှာရှိတဲ့ တံတား(မိုးကောင်းတံတားဟုခေါ်ကြသည်)ကို မနေ့ညပိုင်း မိုင်းခွဲသွားတာပါ။ ကားတွေက ညကတည်းက ဖြတ်မရတော့ဘူး။ တံတားက အပိုင်းပိုင်း အစစ ဖြစ်သွားတယ်” ဟု တံတားပျက်စီး၍ ပိတ်မိနေသည့် ခရီးသည်တစ်ဦးက လူမှုကွန်ရက်ဖေ့ဘုတ်စ်မက်ဆင်ဂျာမှတစ်ဆင့် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုင်းခွဲခံရသည့် အနီးအနားကျေးရွာများမှ ပြည်သူတချို့၏ အဆိုအရ ဒုတိယကြိမ် မိုင်းခွဲခံရမှုမှာ တံတားလုံး၀ သုံး မရအောင် ပျက်စီးသွားကြောင်း၊ မိုင်းမှာ ပထမအကြိမ်ထက်ပိုမို ပြင်းထန်ပြီး တံတားပျက်စီးမှုမှာလည်း ပထမ အကြိမ်ထက် ပိုမိုဆိုးဝါးကြောင်း ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article