တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့တွင် မြန်မာစစ်ဘေးရှောင်နှင့် ငလျင်ဘေးသင့် ပြည်သူများအတွက် ရန်ပုံငွေ အစားအစာပွဲတော်ကျင်းပ
တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့ရှိ မြန်မာလူငယ်များ နှင့် ဂင်မဲမြို့စင်တာ တာဝန်ခံများဖြစ်ကြသည့် ကိုရီးယား လူမျိုးများစုပေါင်းပြီး မြန်မာယဉ်ကျေးမှု အစားအစာပွဲတော်ကျင်းပခဲ့ပြီး ရောင်းချရရှိသည့် ရန်ပုံငွေ အားလုံးကို မြန်မာပြည်ရှိ စစ်ဘေးရှောင် နှင့် ငလျင်ဘေး ကြုံတွေ့နေရသော ပြည်သူများသို့ ကူညီထောက်ပံ့သွားပါမည်ဖြစ်ကြောင်း ပွဲကျင်းပရေးတာဝန်ရှိသူထံမှ သိရှိရသည်။
ယနေ့ မေလ ၄ ရက်နေ့တွင် အစားအစာပွဲတော် ကျင်းပခဲ့ခြင်း ဖြစ်ပြီး တောင်ကိုရီးယားရောက် မြန်မာလူငယ်များနှင့် ကိုရီးယားလူမျိုးများ၊ တောင်ကိုရီးယားဆိုင်ရာ NUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။


