26.4 C
Yangon

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

Must read

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ မေ ၄

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မြို့မရဲစခန်းကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ်အချိန် ဝန်းကျင် ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ်ရှိ မြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်း ၃ လုံးတွင်လက်ပစ်ဗုံးကပ်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ တို့ပူးပေါင်း၍ ထိထိရောက်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တိုက်ကြီးမြို့နယ်မှ ပြည်သူတချို့ကို ဆက်သွယ်မေးမြန်းရာ ယမန်နေ့ ညပိုင်း ဧည့်စာရင်းစစ်မှုနှင့် စစ်ဆေးရေးတချို့ မြင်တွေ့ခဲ့ရကြောင်း၊ သို့ရာတွင် ရဲစခန်းဗုံးပေါက်ကွဲမှုကို အသေးစိတ် မသိရှိရကြောင်း ပြောဆိုကြသည်။

“မနေ့ညပိုင်းက တိုက်ကြီးမြို့နယ်ထဲမှာ ဧည့်စာရင်းစစ်တာရှိပါတယ်။ စစ်ဆေးရေးတွေ ဝင်တာတော့ရှိတယ်။ ရဲစခန်း ဗုံးပေါက်တာတော့ ဘာဖြစ်လဲ ကျနော်တို့ မသိရဘူး” ဟု တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်မှ ပြည်သူတစ်ဦးကရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီး။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article