29 C
Yangon

မင်းဘူးတွင် ခမရ-၄၁၇တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးက သေနတ်၃ လက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

မင်းဘူးတွင် ခမရ-၄၁၇တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦးက သေနတ်၃ လက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ မေ ၄

မကွေးတိုင်း၊မင်းဘူးခရိုင် ခမရ ၄၁၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ဦးက သေနတ် ၃ လက်နှင့်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့ကြောင်း မင်းဘူးခရိုင်အမှတ်-၂တပ်ရင်း ၊ အမှတ်-၁စစ်ဒေသ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးက သေနတ်၃ လက်ယူဆောင်လာပြီး မင်းဘူးခရိုင်အမှတ်-၂တပ်ရင်း ၊ အမှတ်-၁စစ်ဒေသ ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ် ကြောင်းသိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှူထမ်း တပ်သားသစ် ၃ ဦးသည် အောင်လံမြို့နယ်၊စလင်းမြို့နယ်နှင့် နေပြည်တော်တို့တွင် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှု ခံခဲ့ရသောသူများဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၇ တက်ရောက်ခဲ့ရသူများ ဖြစ်ကြောင်း သိရှိရသည်။

အလင်းဝင် စစ်မှုထမ်းတပ်သားသစ် ၃ ဦး သည် MA-1 ၃ လက် ၊ 5.56 ကျည် ၆၅၀တောင့် ၊ကျည်အိမ် ၁၅ ခု၊အီ‌ကွေးမန့် ၃ ခု၊ စစ်ဦးထုပ် ၃ လုံး၊လက်ပစ်ဗုံး ၁ လုံး၊EY ၃ လုံးတို့ယူဆောင်လာခဲ့ကြောင်းသိရှိရသည်။

“စစ်မှုထမ်းတပ်သားသစ် ၃ဦးက အောင်လံမြို့နယ်၊စလင်းမြို့နယ်၊နေပြည်တော် ဘက်ကပါ။ စစ်မှုထမ်းတပ်သားသစ် အပတ်စဉ် ၇ ပါ။ ပေါ်တာဆွဲခံရတာပါ။ ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင် ထိုင်ရင်း၊ ဈေးထဲမှာဈေးဝယ်ရင်း ပေါ်တာဆွဲခံသူတွေပါ ။ ဧပြီလ ၃၀ရက်နေ့ အလင်းဝင်ရောက်လာခဲ့တာပါ။ စစ်မှုထမ်းသင်တန်းတွေကတော့ ဗထူး၊ဟိုပုံး၊ရပ်ဆောက် ဘက်တွေမှာပါ ဟိုပုံး မှာပါ တက်ရောက်ခဲ့တာပါ။ အခုလိုကိုယ့်အသိစိတ်နဲ့ကိုယ်ဘက်ပြောင်းခိုလှုံလာတဲ့သူတွေကို ကျတော်တို့အနေနဲ့လည်းလေးစားပါတယ်။ လှိုက်လှဲစွာလည်းကြိုဆိုလျက်ရှိပါတယ်။ ပြည်သူ့ဘက်ကရပ်တည်ပြီးဘက်ပြောင်းခိုလှုံဖို့လည်း နောက်မကျသေးဘူးဆိုတာပြောချင်ပါတယ်”ဟု မင်းဘူးခရိုင်အမှတ်-၂တပ်ရင်း ၊ အမှတ်-၁စစ်ဒေသ မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကြောင်း၊ ဆက်လက်၍ ပြည်သူနှင့် ပူးပေါင်းလိုသော စစ်ကောင်စီတပ်သားများကို မင်းဘူးခရိုင်၊အမှတ်၂တပ်ရင်းမှ လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်ဖြင့် အလင်းဝင်လာသူများကို ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article