29 C
Yangon

ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က တစ်ရက်တည်း လူငယ်ရာချီကို ပေါ်တာဆွဲဖမ်းဆီးကာ ငွေဖြင့် ရွေးနိုင်သူများ ပြန်လွှတ်ပြီး မရွေးနိုင်သူများကို စစ်သားစုဆောင်းရေးတပ်သို့ပို့ဆောင်

Must read

ဝမ်းတွင်းမြို့နယ်တွင် စစ်တပ်က တစ်ရက်တည်း လူငယ်ရာချီကို ပေါ်တာဆွဲဖမ်းဆီးကာ ငွေဖြင့် ရွေးနိုင်သူများ ပြန်လွှတ်ပြီး မရွေးနိုင်သူများကို စစ်သားစုဆောင်းရေးတပ်သို့ပို့ဆောင်

ရန်ကုန်၊ မေ ၄

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က တစ်ရက်ထဲတွင် လူငယ် ၂၀၀ နီးပါးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂ ရက်နေ့တွင် မြို့ပေါ်ဈေးလာသည့် လူငယ်များ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူများကို ထွေအုပ်ရုံးသို့ ခေါ်ဆောင်သွားကြောင်း၊ ဝမ်းတွင်းမြို့တွင် ဖမ်းဆီးခံရသူများကို ငွေကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထိ တောင်းကာ ပြန်ရွေးခိုင်းနေပြီး မရွေးနိုင်သူများကို တပ်ထဲ ပို့နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ဝမ်းတွင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေ၊ အိမ်တွေထဲအထိ ပေါ်တာဆွဲတာတွေ ပိုမိုလုပ်ဆောင်လာသလို ဆိုင်ကယ် ၂ ယောက်စီးသူမှန်သမျှ ဖမ်းဆီးသွားတယ်။ စျေးနေ့ တစ်ရက်တည်းမှာတင် လူ ၂၀၀ နီးပါး ပေါ်တာဆွဲခံရတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်‌ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် ပေါ်တာဆွဲခံရသူများကို မိသားစုဝင်များက ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ပေးကာ ပြန်ရွေးနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ပြန်မရွေးနိုင်တဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ မိတ္ထီလာ အမှတ် ၁၁၃ အမြောက်တပ်သို့ ပို့ဆောင်လိုက်တာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယခု မေလအတွင်း စစ်မှုထမ်း အပတ်စဉ် ၁၃ ကို ဖွင့်လှစ်မည်ဖြစ်ပြီး ယခင်နှစ် မေ လကတည်းက စစ်မှုထမ်းအပတ်စဉ်များကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မတ်လအတွင်း လူငယ်များကို စစ်တပ်က ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article