တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် မြန်မာ့ပြည်တွင်းရေး၌ ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ရှုတ်ချသည့် ဆန္ဒပြပွဲပြုလုပ်
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်း၍ ဆိုးလ်မြို့ ဆိုးလ်ဘူတာရင်ပြင်မှ တရုတ်သံရုံးအထိ ယနေ့ မေလ ၄ရက်နေ့၌ မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြယ်လှယ်နေသည့် တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို ပြုလုပ်ခဲ့ကာ မြန်မာပြည်သူများ၏ လိုလားချက်နှင့်တောင်းဆိုချက်များကို တရုတ်သံရုံးထံ အိတ်ဖွင့်ပေးစာနှင့် တောင်းဆိုချက်များ ပေးပို့ခဲ့ကြောင်း
သိရှိရသည်။
အဆိုပါ တရုတ်အစိုးရဆန့်ကျင်ရှုတ်ချပွဲကို တောင်ကိုရီးယားရှိ ဒီမိုကရေစီအရေးတက်ကြွသောမြန်မာအဖွဲ့အစည်းများ ကိုရီးယားအဖွဲ့အစည်းများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူဦးရေ ၁၅၀ ကျော် ပူးပေါင်းဆန္ဒပြခဲ့ကြကြောင်း၊ ဆန္ဒပြပွဲကျင်းပရေးတာ၀န်ခံများက တော်လှန်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာ လှုံ့ဆော်သပိတ်တရားဟောပြောမှုများ တော်လှန်ရေးကဗျာများရွတ်ဆိုခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည် ။


