မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်သား ၂ ဦးလက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းတာဝန်ကျနေသော စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲ ယမ်းများ ယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ် ပြန်သည်။
မေလ ၂ ရက်နေ့က မတ္တရာမြို့နယ်၌ အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၇၀၃ တပ်ရင်းမှ တပ် သား ၂ ဦးသည် ၎င်းတို့ကိုင်ဆောင်သာ လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သား ၂ ဦးကို ပြည်သူ့ကာကွယ် ရေးတပ်မတော်မှ နွေးထွေးစွာကြိုဆိုလက်ခံခဲ့ပြီး ဆုငွေများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စစ်သား၊ ရဲ၊ ပြည်သူ့စစ်များ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကိုစွန့်ခွါ၍ အလင်းဝင် လာပါက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ နွေးထွေးစွာကြိုဆိုလက်ခံလျက်ရှိပြီး အသက်အာမခံချက် အပြည့်အဝပေးအပ်သွားမည့်အပြင် ဆုငွေများပါပေးအပ်ချီးမြှင့်သွား မည် ဖြစ်ကြောင်း အသိပေးတိုက်တွန်းထားသည်။

