Khit Thit သတင်းဌာန၏ မေ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ပြည်သူ့နှလုံးကို မသိမ်းကြုံးနိုင်တဲ့ တော်လှန်ရေးဟာ စစ်မှန်တဲ့ တော်လှန်ရေးအောင်ပွဲကို ရရှိမှာ မဟုတ် ဘဲသေနတ်ပြောင်းဝ လှည့်ရမယ့်ဘက်ကို ပြည်သူကသာ ဆုံးဖြတ်တာဖြစ်တယ်လို့ ယာယီသမ္မ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အနေနဲ့ လာမယ့်၂၀၂၇ ခုနှစ်မှာ KNDO ဌာနချုပ်ကို တည် နေရာဟောင်းဖြစ်တဲ့ ရန်ကုန်၊ အင်းစိန်မှာ ပြန်လည် တည်ဆောက်မယ်လို့ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေက ညွှန်ကြားလိုက်တယ်လို့ KNDO က တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
-ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် အပါအဝင် အချက် ၅ ချက်ကို စစ်ကောင်စီနှင့်အပစ်ရပ်လက် မှတ်ရေးထိုးထားတဲ့ ရှမ်း RCSS အပါအဝင် တိုင်းရင်းသားအဖွဲ့ ၇ ခု(7 EAO Alliance) က ထုတ်ပြန်တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
