35 C
Yangon

စစ်ကောင်စီက မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ တတိယအကြိမ် အပစ်အခတ်ရပ်ဟု ကြေညာပြန်၊ ငလျင် လှုပ်ခတ်အပြီး အပစ်ရပ်ကြေညာပြီးနောက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၇၆ ဦးသေဆုံး

Must read

စစ်ကောင်စီက မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ တတိယအကြိမ် အပစ်အခတ်ရပ်ဟု ကြေညာပြန်၊ ငလျင် လှုပ်ခတ်အပြီး အပစ်ရပ်ကြေညာပြီးနောက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၇၆ ဦးသေဆုံး

🟥 မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်တွင် နိုင်ငံတကာသို့ အပြကောင်းစေရန် ဟန်ပြအပစ်ရပ်ကြေညာမှုအဖြစ် သုံးသပ်

ရန်ကုန်၊ မေ ၆

အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ တတိယအကြိမ် အပစ်အခတ်ရပ်စဲကြောင်း ယနေ့ နံနက်ပိုင်း ကြေညာပြန်သည်။

မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ဒေသများ ပြန်လည် တည် ဆောက်ရေးအတွက် မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိကာလကို ယာယီ အပစ်ရပ်စဲရေးကာလ အဖြစ် ထပ်မံတိုးမြှင့်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။

စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ၂ ကြိမ် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့သော်လည်း နိုင်ငံတစ်ဝန်းတွင် လေကြောင်းဖြင့် ဗုံးပတ်ကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ငလျင်လှုပ်ခဲ့သည့် မတ်လ၂၈ ရက်နေ့မှ မေ ၂ ရက်နေ့အထိ ၃၆ ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၂၇၆ ဦး သေဆုံးပြီး ၄၅၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့ ထုတ်ပြန်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ ပြည်သူ ၂၇၆ ဦးအနက် ၁၈ နှစ်အောက် ၃၁ ဦးပါဝင်ပြီး ၁၈ နှစ်အထက် ၇၄ ဦးပါဝင်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု အများဆုံးမှာ စစ်ကိုင်းတိုင်းတွင် ဖြစ်ပြီး ၇၃ ကြိမ်ဖြင့်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၈၉ ဦးသေဆုံး၍ ၁၃၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊စစ်ကောင်စီက မန္တလေးတိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ၆၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး ၆၅ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

မေလ ၇ ရက်နေ့တွင် စစ်ကောင်စီ ဥက္ကဋ္ဌ အကြမ်းဖက် မင်းအောင်လှိုင်က ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ရာ ယင်းရုရှားခရီးစဉ်အတွက် နိုင်ငံတကာသို့ အပြကောင်းစေရန် ဟန်ပြ အပစ်ရပ်ကြေညာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တွင်ပင် ဆက်လက် အခြေစိုက်ပြီး စစ်ဘေးရှောင် ကူညီရေးအတွက် ဆက်လက် လုပ်ဆောင်နေသူ ထောက်/ပို့ တာဝန်ခံ တစ်ဦးက သုံးသပ်ပြောဆိုသည်။

“စစ်တပ်က အပစ်ရပ်ကြေညာတာဖြစ်စေ၊ မကြေညာတာဖြစ်စေ ဘာမှ သိပ်မထူးဘူး။ အခုလည်း ရုရှားခရီးစဉ်မှာ အပြကောင်းဖို့ ဒီလို ကြေညာတာပါ။ စစ်တပ်က အပစ်ရပ်ကြေညာလို့ ကျနော်တို့ စစ်ဘေးရှောင် ပြည်သူတွေ အေးဆေး နေလို့ရတဲ့ နေ့ရက်နဲ့ အချိန်မှ မရှိခဲ့တာ။ ဧပြီလတုန်းကတည်း အပစ်ရပ်ကြေညာပြီး ဗုံးတွေကျဲလို့ ပြည်သူတွေ ပြေးရ လွှားရတာပဲ။ လေယာဉ်နဲ့ ဆက် ပြီး ဗုံးကျဲနေဦးမှာပဲ။ နိုင်ငံတကာမှာ ဝင်ဆန့်ဖို့ ဒီလိုပဲ အပစ်ရပ်တယ် ဘာညာ ကြေညာပြတယ်။ ဟန်ပြတွေ လုပ်တာပါ” ဟု ရန်ကုန်အခြေစိုက် ထောက်/ပို့ တာဝန်ခံက သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ့်ခမ်းကျေးရွာကို စစ်တပ်က ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ လေယာဉ်ဖြင့် ဗုံးကျဲခဲ့သောကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော်သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article