ရေစကြိုနှင့်သဲကုန်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် ဂိတ်စခန်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံအတွင်းသို့ ရိက္ခာခဲယမ်းများ ပို့ဆောင်ပြီး ပြန်လာသော အ ကြမ်းဖက် စစ်တပ်စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း ရေစကြို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
မေလ ၃ ရက် ညနေ ၄ နာရီဝန်းကျင်က ရေစကြိုမြို့နယ် အခြေစိုက် ခလရ ၂၅၈ တပ်ရင်းမှ အင်အား ၉၀ ခန့်ပါ စစ်ကြောင်းသည် ရေစကြိုမြို့ပေါ် ရှိ ရုံးပေါင်းစုံအတွင်းသို့ ရိက္ခာ၊ ခဲယမ်းများ ပို့ ဆောင်ပြီး ပြန်လည် ထွက်ခွာလာစဉ် ရေစကြိုမြို့အထွက်တစ်နေရာ၌ ရေစကြိုမြို့နယ်ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ရေစကြိုမြို့အထွက်မှာပေါ့၊ တပ်ရင်းနဲ့တော့ နဲနဲဝေးတယ်။ မြို့နဲ့တော့ နီးတယ်။ ပဒေသာ ၄ လုံးတွဲ တစ်ပွိုင့်နဲ့ တိုက်ခိုက်ခဲ့တာ၊ ၂ ယောက်ကတော့ ဒဏ်ရာရတယ်လို့ သတင်းရထားတယ်။ သေတယ်လို့ တော့မကြားရသေးဘူး။ ရဲဘော်တွေတော့ အားလုံးအေးဆေးပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု ရေစကြို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိသွားပြီး ယင်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းမှာ ခလရ ၂၅၆ တပ်ရင်းနှင့် ၂၅၈ တပ်ရင်းအတွင်းသို့ ၂ ဖွဲ့ခွဲ၍ ဝင်ရောက်သွား ကြောင်း သိရသည်။
ထို့အပြင်ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့ရှိ စိုက်ပျိုးရေးစခန်းတွင် တပ်စွဲထား သော စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်ခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်မတော် အမှတ် ၃၆၀၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ မေလ ၅ ရက် ည ၉ နာရီ ၂၀ မိနစ်ကသဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့ရှိ စိုက်ပျိုးရေး စခန်း တွင် တပ်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများကို ညတွင်းချင်း ပြည်မြို့ဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း တပ်ခွဲ ၅ ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို လူအားဖြင့်လည်းကောင်း၊ ငွေအား ဖြင့်လည်းကောင်း ၊ ဆိုင်ကယ်၊ ကားတို့ကို လည်းကောင်း ကူညီထောက်ပံ့ခြင်းများ မပြု လုပ်ကြပါရန် အသိပေးတိုက်တွန်းထားသည်။
