ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းလေပိုက်နက်အတွင်းသို့ သံသဖြစ်ဖွယ် လေယာဉ် ၁ စီး ဝင်ရောက်လာသဖြင့် ထိုင်းလေတပ်က F-16 တိုက်လေယာဉ် ၂ စီး အရေးပေါ်စေလွှတ် ကင်းလှည့်
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းလေပိုက်နက်အတွင်းသို့ သံသဖြစ်ဖွယ် လေယာဉ် ၁ စီး ဝင်ရောက်လာသဖြင့် ထိုင်းတော်ဝင်လေတပ်မှ F-16 တိုက်လေယာဉ် ၂ စီး အရေးပေါ်စေလွှတ်ပြီး သတိပေး ကင်းလှည့်ပျံသန်းကြောင်း ထိုင်းတော်ဝင်လေတပ်နှင့် ထိုင်းသတင်းဌာနများက သတင်းထုတ်ပြန်ကြသည်။
ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် သံသယဖြစ်ဖွယ် လေယာဉ် တစ်စီး ထိုင်းလေပိုက်နက်အတွင်းသို့ ဝင်ရောက် ပျံသန်းဖြင့် ထိုင်းလေတပ်က ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီသို့ F-16 တိုက်လေယာဉ် ၂ စီးကို စေ လွှတ် လိုက်ပြီး အိမ်နီးချင်းနိုင်ငံဘက်မှ ကျူးကျော်မလာစေရန် သတိပေး ကင်းလှည့်ကြောင်း သိရှိရသည်။
ကန်ချနဘူရီအခြေစိုက် ဒေသသတင်းဌာန ကမူ ထိုင်းလေတပ်၏ လေယာဉ် ၂ စီး ပျံသန်းကင်းလှည့်နေသည့် ဗီဒီယိုများကို တင်ပြခဲ့သည်။
ထိုင်းသတင်းဌာနတစ်ခုဖြစ်သော PPTVHD36 တစ်ခုကလည်း သံသယဖြစ်ဖွယ် လေယာဉ်တစ်စီး ထိုင်းလေပိုင် နက်အတွင်းသို့ ဝင်ရောက်လာသည့် အတွက် ထိုင်းလေတပ်၏ F-16 တိုက်လေယာဉ်များကို စေလွှတ်ကြောင်း သတင်းဖော်ပြသည်။
