25.6 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ခိုးဝင်လာသော တရားမဝင် မြန်မာနိုင်ငံသား ၇၁ ဦး ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိ

Must read

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် ခိုးဝင်လာသော တရားမဝင် မြန်မာနိုင်ငံသား ၇၁ ဦး ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိ

ရန်ကုန်၊ မေ ၆

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် ခိုးဝင်လာသော တရားမဝင် မြန်မာနိုင်ငံသား ၇၁ ဦး ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းများက ဆိုသည်။

ယနေ့ မေလ ၆ ရက်နေ့ နံနက် ၁ နာရီအချိန် ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီဘက်သို့ တောလမ်းအတိုင်း ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၇၁ ဦးကို ဖမ်းဆီးရရှိကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများတွင် တရားဝင် အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် အလုပ်လုပ်ရန် လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသော မြန်မာနိုင်ငံသား ၇၁ ဦးမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် တစ်ဦးလျှင် ထိုင်းဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ အထိ ပေးရကြောင်း၊ အဆိုပါ မြန်မာအလုပ်သမားများသည် လာရောက် ခေါ်ယူမည့်သူကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article