30 C
Yangon

ပခုက္ကူနှင့် မြိုင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

Must read

ပခုက္ကူနှင့် မြိုင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး

ရန်ကုန်၊ မေ ၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် နှင့် မြိုင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း M.V.P Revolution Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် ပခုက္ကူမှ အင်အား၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ဂျစ်ပင်ဘက်မှ ပန်းတိုင်တောမင်းကန်ရွာမှ မြိုင်မြို့နယ်ထဲကို ဝင်ရောက်လာပြီး မေလ ၂ ရက်နေ့တွင် လေတန်ကျေရွာ အနောက်ဘက် အရောက်၌ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့နှင့်M.V.PRF အဖွဲ့မှ ရဲဘော်များက စောင့်ကြို တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လေတန်ရွာ အနီးရောက်ရှိလာစဉ် တော်လှန်ရေးအဖွဲ့များက ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေးရဲဘော် ၁ ဦးလည်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲများအတွင်း အထိနာနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လေတန်းရွာတွင် တပ်စွဲပြီး မေလ ၂ ရက်နေ့တွင် သစ်ကြီးတောရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ညအချိန်တွင် လေကြောင်း ပစ်ကူခေါ်ကာ အနီးအနားရှိ ကျေးရွာများကို Y-12 လေယာဉ်ဖြင့် ဗုံးသီး ၂၉ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လေယာဉ်ဖြင့် အနီး အနားရှိ ကျေးရွာများကို ဂျက်ဖိုက်တာ ၂ စီး ၊ စက်တပ်လေထီး ၂ စီးနှင့် Y-12 လေယာဉ်တို့ဖြင့် ၁၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ စစ်ကြောင်းလာရောက်စဉ် ကြိုတင်ရှောင်ရှားနိုင်ခဲ့သောကြောင့် ထိခိုက်မှုမရှိဘဲ နေအိမ်များသာ ပျက်စီးခဲ့ကြောင်း၊ ယင်းနေ့ ညနေ ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်ပင်ကိုင်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မေလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်ပင်ကိုင် ၊ သစ်ကြီးတော၊ လေတန်ရွာများကို ထပ်မံ မီးရှို့ဖျက်ဆီးပြီးနောက် ကင်းပုန်းဝပ်နေ‌သော စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“မေလ ၁ ရက်နေ့တည်းက ပခုက္ကူကနေ အင်အား ၂၀၀ လောက်နဲ့ လာတဲ့ စစ်ကြောင်းပါ။ ၂ ရက်နေ့မှာ ကျနော်တို့ မြိုင်နယ်ထဲကို ဝင်လာတယ်။ သူတို့ဝင်လာတဲ့ အချိန် ကျနော်တို့က ကြိုစောင့်ပြီးတော့ လေတန်းရွာရဲ့ အနောက်ဘက်မှာ စစ်ခွေးတွေ အတန်းလိုက်ပြီး တက်လာတုန်း မီတာ ၅၀ လောက်အကွာမှာ စတင်ပြီးတော့ ထိတွေ့ တိုက်ပွဲဖြစ်ပွားတယ်။ သူတို့က အင်အားလည်း အရမ်းများတယ်။ အဲလို တိုက်ပွဲဖြစ်ပြီး ဆုတ်ရင်းနဲ့ ရွာထိပ်မှာ တိုက်ပွဲထပ်ဖြစ်တယ်။ ရွာထဲမှာလည်း ထိတွေ့ တိုက်ပွဲတွေ ထပ်ဖြစ်တယ်။ ထိတွေ့တိုက်ပွဲတွေကတော့ အကြိမ်ရေများခဲ့တယ်။ ကျနော်တို့ ကသူတို့ တက်လာတာကို စောင့်လိုက်နဲ့ ပစ်လိုက်နဲ့ တိုက်ပွဲထိတွေ့မှုတွက ဆက်တိုက်ဖြစ်ခဲ့တာပေါ့” ဟုM.V.P Revolution Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို 8+အညမြေစစ်ဆင်ရေးအဖွဲ့ ၊ M.V.P Revolution Force ၊ U A V frighter ၊ မဟူရာအလင်တန်းပြောက်ကျားမြိုင် ၊ scoprion people defense force ၊ phoneix people defense force ၊ ဇာမဏီပြောက်ကျား ၊ ဋ္ဌေးအောင်ပြောက်ကျား ၊ စနေမင်း ၊ တမာမြေပြောက်ကျားတပ်ဖွဲ့ – မြိုင် နှင့် မဟာမိတ်များက ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article