32 C
Yangon

တနင်္သာရီနှင့် ကျွန်းစု အစပ်ရှိ စစ်တပ်၏ ရှေ့တန်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူး မြင့်ဝင်း အပါအဝင် ၄ ဦးသေဆုံးပြီး စစ်သား အားလုံးစခန်း စွန့်ခွာထွက်ပြေး

Must read

တနင်္သာရီနှင့် ကျွန်းစု အစပ်ရှိ စစ်တပ်၏ ရှေ့တန်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်မှူး မြင့်ဝင်း အပါအဝင် ၄ ဦးသေဆုံးပြီး စစ်သား အားလုံးစခန်း စွန့်ခွာထွက်ပြေး

ရန်ကုန်၊ မေ ၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်မှူး မြင့်ဝင်း အပါအဝင် ၄ ဦးသေဆုံးပြီး စစ်သား အားလုံးစခန်း စွန့်ခွာထွက်ပြေးသွားကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မေလ ၆ ရက်နေ့ နံနက် ၅ နာရီ ၅၅ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဝါရစ်ပိန်းတောပြင် ရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ၂ နာရီခွဲ နီးပါး ကြာမြင့်ခဲ့ပြီး ၃ ကြိမ် ဆက်တိုက် အပြင်းအထန် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန် အကြမ်းဖဖက် စစ်တပ်ဘက်မှ လေယာဉ် ၁ စီး၊ စစ်ရဟတ်ယာဉ် ၁ စီးဖြင့် ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ပေါ်မှ စစ်သေနတ်များဖြင့် အပြင်းအထန်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ပြီး ရေတပ် စစ်သင်္ဘောပေါ်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြိမ်ရေ‌များစွာ ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိအနာ၍ စစ်သား အားလုံး ရှေ့တန်း စခန်းမှ စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

ထို ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူးမြင့်ဝင်း အပါအဝင် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦးမှာလည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကို တနင်္သာရီမြို့နယ် (ပကဖ) ၊ မြိတ်ခရိုင်တပ်ရင်း ၂ ၊ ကျွန်းစု (ပကဖ) နှင့် တိုင်း ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article