ရွှေကျင်မြို့နယ်တွင် စစ်တပ်၏ သံဆိပ်စခန်းမှ ဆင်းလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ သံဆိပ်စခန်းမှ ဆင်းလာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Fire Dragon စစ်ကြောင်းက ပြောဆိုသည်။
မေလ ၆ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ရွှေကျင်မြို့နယ် ရုံးတိုင်းကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ သံဆိပ်စခန်းမှ ရွှေကျင်ဘက်သို့ ဆင်းလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ အရာရှိ ၁ ဦး အပါအ၀င် ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်း နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ၃၇၀၃ တပ်ရင်း ( Fire Dragon စစ်ကြောင်း) နှင့် KNLA တပ်ရင်း ၇ ပူးပေါင်း စစ်ကြောင်းတို့က လုပ်ဆာင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
