30 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

ရန်ကုန်၊ မေ ၈

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မူးမြို့နယ်တွင် မေလ ၃ ရက်နေ့၌ ခလရ ၆၀ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် မာနီကွင်းရွာ၊ ငထွေစုတ်ရွာနှင့် ရေလဲကျေးရွာသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၅ ရက်နေ့တွင် ခမရ-၄၃၉ တပ်ရင်းမှ ဘုရားလဟာကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာနေ ပြည်သူ အသက် ၄၁ နှစ်အရွယ် မမိုးသီတာ လက်နက်ကြီးကျည် ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မေလ ၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ရွာကြီးအင်း၊ ကျွန်းကုန်း၊ မရမ်းစိန်လေး၊ အရှေ့တောင်စု၊ အနောက်တောင်စု ၊ တမာခေါ၊ ရန်မျိုးအောင် စသည့်ကျေးရွာများကို ဗုံး ၂၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လယ်ဒိုမြို့နယ်တွင် မေလ ၄ ရက်နေ့၌ ခလရ-၂၆၄ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် ယောက်သွားကုန်းရွာနှင့် ချောင်းဝရွာကို ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဆောထိမြို့နယ်တွင် မေလ ၃ ရက်နေ့၌ တောင်ငူလေတပ်မှ Y−12 လေယာဉ်ဖြင့် ကွင်းဆိပ်လေး လမ်းဆုံကို ဗုံး ၃၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ မေလ ၄ ရက်နေ့တွင် တောင်ငူလေတပ်မှ တက်လာသော စစ်တပ် လေယာဉ်ဖြင့် သီတာရေကျေးရွာဘေးကို ပေါင် ၅၀၀ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ခလရ-၃၅၀ တပ်ရင်းမှ ရှမ်းရွာကျေးရွာကိုလည်း လက်နက်ကြီး ၁၂၀ မမ အလုံး ၂၀ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article