29.1 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်တပ် သတင်းပေး ပျူစောထီး စောလှိုင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

နတ်တလင်းမြို့နယ်တွင် စစ်တပ် သတင်းပေး ပျူစောထီး စောလှိုင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၈

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် သတင်းပေး ပျူစောထီး စောလှိုင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်စစ်သည် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ကျွန်းလေးပင်ကျေးရွာ၌ နေထိုင်သော အကြမ်းဖက် စစ်တပ် သတင်းပေး ပျူစောထီး စောလှိုင်ကို နတ်စစ်သည် တပ်ဖွဲ့နှင့် BRA တပ်ဖွဲ့တို့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး စောလှိုင်သည် အကြမ်းဖက် စစ်တပ် ဒေါက်တိုင်လည်းဖြစ်ပြီး ၎င်းကိုယ်တိုင် ပျူစောထီး အဖွဲ့ထဲ ဝင်ရောက်ကာ ပြည်သူများကို နည်း အမျိုးမျိုးဖြင့် ဒုက္ခပေးနေသူ ဖြစ်ကြောင်း သိရှိရသည်။

“သူက အရင်ရက်တွေက ရွာမှာ နေထိုင်ခြင်းမရှိပါဘူး။ စကစ အဖွဲ့ နောက်ကို လိုက်လံနေသူပါ။ ဒီနေ့ ကျွန်းလေးပင်ရွာကို ပြန်လည်ရောက်ရှိနေတယ်လို့ သတင်းရလို့ ကျနော်တို့ ၂ ဖွဲ့ပေါင်းပြီး သွားရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီ ဒေါက်တိုင်တွေကို သတိမပေးတော့ဘူး။ ပြတ်ပြတ်သားသား အရေးယူသွားပါတော့မယ်” ဟု နတ်စစ်သည် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article