33 C
Yangon

သံတောင်ကြီးမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် စစ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

Must read

သံတောင်ကြီးမြို့နယ်တွင် စစ်ယာဉ်တန်းနှင့် စစ်စခန်းများကို တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး

ရန်ကုန်၊ မေ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် စစ်ယာဉ်တန်းနှင့် စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ စစ် သား ၆ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၂ တပ်ရင်း ၅ နှင့် ကီးကူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

မေလ ၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၃၀မိနစ်အချိန်အထိ သံတောင်မြို့ ၁၃ မိုင်မှ သံတောင်ကြီးမြို့သို့ တက်လာသော စစ်ကောင်စီ၏ ကား ၃ စီးယာဉ်တန်းကို ၃ ကြိမ်တိုင်တိုင် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီ တပ်သား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟ ၂ တပ်ရင်း ၅ မှ လမ်းကင်းလုံခြုံရေးယူထားသော ရဲဘော် က တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

ထို့အပြင် မေလ ၅ ရက်နေ့ ည ၉ နာရီခန့်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ သံတောင်ကြီးမြို့နယ်၊ ၇ မိုင် စခန်း အ တွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၄ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေ ဆုံးပြီး ၆ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၆ ရက်နေ့ ညနေ ၃ နာရီအချိန်ကလည်း သံတောင်ကြီးမြို့နယ် ၊ ၁၃ မိုင်မြို့အဝင်ဂိတ်၌ လမ်းကင်းယူရန် စုဝေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၂ လုံးပစ် ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အလားတူ မေလ ၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ ၃၉ မိုင်စခန်းတွင် အသင့်ပြင်ဆင်ထားသော စစ်ကောင်စီယာဉ်တန်းကို ၆၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၃ လုံးပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် နာရီ ဝက်ခန့် အကြာတွင် ၃၉ တပ်အတွင်းသို့ လူနာတင်ယာဉ် ၂ စီး ဝင်ရောက်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ကီးကူစစ်ကြောင်း ၊ KNU တပ်မဟာ ၂ အထူးကွန်မန်ဒိုအဖွဲ့နှင့် KNLA တပ်ရင်း ၅ လက်အောက်ခံအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီယာဉ်တန်းကို KNLA တပ်များနှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်ထားစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article