33 C
Yangon

အရာတော်မြို့နယ်၊ ငွေတွင်း စစ်စခန်းမှ မြို့ပေါ်သို့ ရိက္ခာ သယ်ဆောင်ရန် ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

အရာတော်မြို့နယ်၊ ငွေတွင်း စစ်စခန်းမှ မြို့ပေါ်သို့ ရိက္ခာ သယ်ဆောင်ရန် ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

ရန်ကုန်၊ မေ ၉

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်း စစ်စခန်းမှ မြို့ပေါ်သို့ ရိက္ခာ သယ်ဆောင်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Ngwe Dwin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၈ ရက်နေ့တွင် အရာတော်မြို့နယ်၊ ငွေတွင်း စစ်စခန်းမှ မြို့ပေါ်သို့ ရိက္ခာသယ်ဆောင်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၄ နာရီ ကျော်ကြာမြင့်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီး ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ စစ်သား ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အရာတော် လေ့ကျင့်ရေး ၁၀ မှ အင်အား အများအပြားဖြင့် တပ်ကူ ရောက်ရှိလာသည့်အတွက် တော်လှန်ရေး ရဲဘော်များက ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အင်အား ၅၀ ပါ။ တိုက်ပွဲမှာတော့ စစ်ခွေး ၁ ကောင်သေတယ်။ အဲ့တာ နောက်ဆုံးရတဲ့ သတင်းပါ။ စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတော့ မရှိပါဘူး” ဟု Ngwe Dwin Revolution Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် (၂၁) တပ်ရင်း နှင့် တိုက်နယ်(၉၊၁၀၊၁၁) တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article