Khit Thit သတင်းဌာန၏ မေ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာ့နိုင်ငံရေးမှာ သတိကြီးကြီး အမျှော်အမြင်ကြီးကြီးနဲ့ ဆောင်ရွက်ဖို့ တရုတ်သမ္မတရှီကျင့်ပင်က အကြမ်းဖက် မင်းအောင်လှိုင်ကို တိုက်တွန်းလိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ က သတင်းထုတ်ပြန် လာပြန်ပါတယ်။
-ပဲခူးတိုင်းအတွင်းအထိ တော်လှန်ရေးတပ်တွေ ဆက်တိုက် ထိုးဖောက်ဝင်ရောက်လာနေတဲ့အချိန် အကြမ်းဖက် စစ်ကောင်စီတပ်က သာယာဝတီခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်တွေအားလုံးမှာ လုံခြုံရေးအရ အမျိုးသား ၂ ဦးတွဲပြီး ဆိုင်ကယ် စီးနင်းလာရင် ပစ်ခတ်ပစ်မယ်ဆိုပြီး အတိအလင်းကြေညာချက် ထုတ်လိုက်ပြန်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ထွေအုပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့မ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ဒုရဲအုပ် ၁ ဦး နဲ့ ရဲတပ်သား ၁ ဦး ပွဲချင်းပြီးကို သေကုန်ကြတဲ့အပြင် နောက်ထပ် ၆ ဦးက ဒဏ်ရာတွေရသွားပြီးတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
