35 C
Yangon

ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ် ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ် ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က စက်တပ်လေထီးများဖြင့် ပစ်ခတ် ဗုံးကျဲခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးကြောင်း သုံးပန်လှကျေးရွာမှ ပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲပစ်ခတ်ကြောင်း၊ ဗုံးကျဲပစ်ခတ်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ ပုံမှန်အတိုင်း နေထိုင်သွားလာ လှုပ်ရှားနေစဉ် ဗုံးကျဲပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဗုံးကျဲမှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲလည်းမရှိပါဘူး။ အဲဒါကို ဒီအတိုင်း ဗုံးလာကျဲတာ ပါရာမိုတာနဲ့။ သေဆုံးသွားတဲ့ ကလေးငယ်က ၁၀ နှစ် ၄ တန်းကျောင်းသားလေးပါ။ အဲဒီကလေး အပါအဝင် သေဆုံးတာက ပြည်သူ ၃ ဦးဖြစ်ပါတယ်။ နောက်ပြီး ပြည်သူ ၂ ဦးလည်း ဒဏ်ရာရရှိထားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေးဟု ကြေ ညာထားသော်လည်း လက်တွေ့တွင်မူ စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ စစ်ကြောင်းထိုးခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- Chaung U Revolution News – CRN။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article