Khit Thit သတင်းဌာန၏ မေ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ဝန်ထမ်းတွေ ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျကျ အာမခံပေးဖို့ တရုတ်သမ္မတရဲ့ တောင်းဆိုမှုကို အကြမ်းဖက် မင်းအောင်လှိုင်က အစွမ်းကုန် အာမခံပေးသွားမယ်ဆိုပြီး တုံ့ပြန်ပြောဆိုလိုက်ပြန်တယ်လို့ တရုတ်ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
-မကွေးတိုင်း ၊ မြိုင်မြို့နယ်မှာရှိတဲ့ ကန်နီ ကျေးရွာက ပျူစောထီး ၃ ဦးဟာ မိသားစု နဲ့ အတူ တော်လှန် ရေး တပ်တွေဆီကို ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာသလို ၊ ကန်နီရွာ ပျူစောထီး ခေါင်းဆောင် က ရွာထဲက မိန်းမပျိူလေးတွေကို လက်နက်နဲ့ခြိမ်းခြောက်ပြီး သားမယားပြုကျင့်နေတဲ့ အကြောင်းတွေ ကိုလည်း ထုတ်ဖော်ပြောဆိုထားတယ်လို့ ပခုက္ကူခရိုင် PDF အမှတ် ၁၅ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရုရှားနည်းပညာနဲ့ နူကလီးယားဓာတ်အားစက်ရုံကို အကြမ်းဖက် စစ်ကောင်စီတပ်က ထိုင်းမြန်မာ နယ်စပ် ထားဝယ်စီးပွားရေးဇုန်ဘက်မှာ တည်ဆောက်ဖို့ လုပ်နေပြန်တဲ့စီမံကိန်းဟာ မြန်မာ နဲ့ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေး၊ အန္တရာယ် နဲ့ နေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်စရာ ကိစ္စဖြစ်တယ်လို့ KNU ကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
