25.7 C
Yangon

လှည်းကူးမြို့နယ်ရှိ စစ်တပ်၏ ခမရ ၂၁၁ ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်

Must read

လှည်းကူးမြို့နယ်ရှိ စစ်တပ်၏ ခမရ ၂၁၁ ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်

ရန်ကုန်၊ မေ ၁၁

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၁၁ ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း YANGON ARMY မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် လှည်းကူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၂၁၁ ဂိတ်ကင်းစခန်းကို Yangon Army (YA) မှ တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း ဂိတ်ကင်းစခန်းထဲကို လက်ပစ်ဗုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိပါတယ်။ ကျနော်တို့Scout သွားရင်း ပစ်လို့ရမယ့် အခွင့်ရေးရှိလို့ တစ်ခါ တည်း ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ လမ်းကြုံလေးပေါ့။ ကျနော်တို့ ရတဲ့နည်းနဲ့ ဆက်လက် တိုက်ခိုက်သွားမယ်” ဟု YANGON ARMY မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်အာဏာရှင်မပြုတ်မခြင်း ဆက်လက်၍ တိုက်ခိုက် ချေမှုန်းသွားမည်ဟု ပြည်သူများကို အသိပေးလိုကြောင်းYANGON ARMY မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article