29.1 C
Yangon

ဝက်လက်၊ ရွာတော်ကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံး၊ ရွှေပန်းကုန်းကျေးရွာစာသင်ကျောင်းကိုလည်း ယနေ့နံနက် ပေါင် ၅၀၀ ဗုံး လေယာဉ်ဖြင့် ကျဲချ

Must read

ဝက်လက်၊ ရွာတော်ကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံး၊ ရွှေပန်းကုန်းကျေးရွာစာသင်ကျောင်းကိုလည်း ယနေ့နံနက် ပေါင် ၅၀၀ ဗုံး လေယာဉ်ဖြင့် ကျဲချ

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာတော်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာတော်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိတ္ထီလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူများထဲတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

“ဝက်လက်မြို့နယ် အနောက်ခြိမ်းက ရွာတော်ကုန်းရွာထဲကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်သွားတာပါ။ ကျနော်တို့ သိရတာတော့ ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရရှိတာ ၈ ဦးရှိတယ်။ ပြင်းထန်ဒဏ်ရာရရှိသူတွေလည်း ပါဝင်တယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောဆိုသည်။

အလားတူ ယနေ့ မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်း တိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးစာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဒီမနက် လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကို ရွှေပန်းကုံးစာသင်ကျောင်းကို ကျဲချသွားတယ်။ လူတွေ ထိခိုက်လားဆိုတာ မသိရသေးဘူး။ လေယာဉ်က ထပ်ဝဲနေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article