မင်းအောင်လှိုင်က ရှီကျင့်ပင်ကို “သမ္မတကြီး” ဟု ရိုရိုကျိုးကျိုး သုံးနှုန်း၊ ရခိုင်မှ မြို့နယ်အများစုကို စစ်တပ်က လက်လွှတ်ထားရသော်လည်း တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြန် အကောင်အထည်ဖော် မည်ဟုဆို
ရန်ကုန်၊ မေ ၁၁
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ပင်ကို သမ္မတကြီး ဟု ရိုရိုကျိုးကျိုးသုံးနှုန်းပြောဆိုထားသည်ကို စစ်ကောင်စီလက်အောက်ခံ မီဒီယာအင်တာဗျူးတွင် ပြောဆိုဖော်ပြထားသည်။
မင်းအောင်လှိုင်က ရုရှားနိုင်ငံတွင် မေလ ၇ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ သွားရောက်ခဲ့စဉ် တရုတ်သမ္မတ ရှီကျင့်ပင်နှင့်တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းမီဒီယာများက မင်းအောင် လှိုင်ကို အင်တာဗျူးပြီး ပြန်လည်ဖော်ပြရာတွင် ရှီကျင့်ပင်ကို သမ္မတကြီးဟု မင်းအောင်လှိုင်က ရိုးကျိုးနွံ့စွာ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ မြန်မာနိုင်ငံမှာ ဒါ သမ္မတကြီးကပေါ့ဗျာ။ မြန်မာနိုင်ငံမှာ ကျင်းပပြု လုပ်မယ့် ပါတီစုံ ဒီမိုကရေစီ ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ကျနော်တို့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံတဲ့ အကြောင်း သူဒါလေးထပ်ပြီးပြောပါတယ်” ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်အနက်မှ ၁၄ မြို့နယ်ကို စစ်ကောင်စီက ဆုံးရှုံးထားသော် လည်း တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီး ပွားရေးစင်္ကြန် အကောင်အထည်ဖော်ရန် တရုတ်သမ္မတနှင့် ဆွေးနွေးခဲ့ကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။
“ကျနော်အနေနဲ့လည်း One Belt One Road လမ်းကြောင်းပေါ်မှာလည်း ခိုင်ခိုင်မာမာ ရပ်တည်တဲ့အကြောင်း၊ နောက်တစ်ခါ မြန်မာနိုင်ငံကနေပြီးတော့ တက် ကြွစွာ ပါဝင်ဆောင်ရွက်မယ်ဆိုတဲ့ အကြောင်း ကျနော်ပြောခဲ့ပါတယ်။ နောက် တစ်ခုက တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြန် အကောင် အထည် ဖော် မြှင့်တင်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော် ဆွေးနွေးဖြစ်ခဲ့ပါတယ်” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် AA က မြို့နယ်အများစုကို သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရှိရသည်။
