ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တောလမ်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရရှိ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တောလမ်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မေလ ၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် တောလမ်းအတိုင်း သောင်ရင်းမြစ်ကမ်းတစ်လျှောက်တွင် အထုပ်များ သယ်ယူ၍ ဝင်လာကြသော တရားမဝင် မြန်မာနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းတို့တွင် စာရွက်စာတမ်းများမရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသော မြန်မာနိုင်ငံသား ၁၅ ဦးတွင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ပါဝင်ပြီး ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ရန် ခိုးဝင်လာကြခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို ထိုင်းဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။


