26 C
Yangon

စဉ့်ကူးနှင့် သပိတ်ကျင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်များ အပါအဝင် သေဆုံးသူ ၆ ဦးထိရှိလာ

Must read

စဉ့်ကူးနှင့် သပိတ်ကျင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်များ အပါအဝင် သေဆုံးသူ ၆ ဦးထိရှိလာ

ရန်ကုန်၊ မေ ၁၁

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးသူ ၆ ဦးထိရှိလာကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၁၀ ရက်နေ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၇ ဦးကြောင်း သိရှိရသည်။

“စဉ့်ကူးနဲ့ သပိတ်ကျင်းက လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခံရတာ မိနစ်ပိုင်းလောက်ပဲကွာတယ်။ ပြည်သူ စုစုပေါင်း သေဆုံးသူ ၆ ဦးထိပြီ ပြင်းထန် ဒဏ်ရာရရှိသူတွေလည်းရှိတယ်။ ဒဏ်ရာအခြေအနေကတော့ ဆက်လက် စောင့်ကြည့်နေရတယ်” ဟု ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ နှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်းများ တူးထားကြရန် ပြင်ဦးလွင်ခရိုင် ပကဖ က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article