31 C
Yangon

အောင်ဇေယျ စစ်ကြောင်းတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရ‌သော စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ်

Must read

အောင်ဇေယျ စစ်ကြောင်းတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရ‌သော စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ်

ရန်ကုန်၊ မေ ၁၁

ကရင်ပြည်နယ်၊ အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရ‌သော အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ်လိုက်သည်။

မေလ ၁၀ ရက်နေ့တွင် ကရင့်အမျိုးသားလွတ်​မြောက်​ရေးတပ်မ​တော် (KNLA) က အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်းအဓမ္ မခိုင်းစေခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ အကျိုးစီးပွားကို ဆက်လက် ကာကွယ်ခြင်းမပြုလုပ်ဘဲ အလင်းဝင်ကြရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျည်ဖြုတ်ထားသော သေနတ်အား ခေါင်းကို မြေကြီးအောက်ချ၍ နောက်ကျောတွင် လွယ်ကာ လက်ဗလာဖြင့် ရောက်ရှိသည့် နေရာမှ နေရပ်စွန့်ခွာပြီး ရှေ့တန်းရှိ (KNLA) တပ်ဖွဲ့ထံသို့ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့နှင့်သော် လည်းကောင်း အရောက်လာကြပါရန် တိုက်တွန်းအပ်ပါတယ်” ဟု KNLA ၏ ဖိတ်ခေါ်မှုတွင် ဖော်ပြထားသည်။

ထို့ပြင် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို ကာကွယ်ရန် အောင်ဇေယျစစ်ဆင်ရေးတွင် အလဟသ အသက်စတေးကြရန် ပို့ဆောင်ခံရသော စစ်ကောင်စီ လက်အောက်မှ ရဲဘော် တပ်သားများနှင့် နယ်မြေခံ တပ်သားများသည် နိုင်ငံတကာဥပဒေစံနှုန်းနှင့် အညီ အသက်ရှင်သန်ခွင့်ရလိုလျှင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထံသို့ လာရောက်အလင်းဝင်ရန်လည်း အသိပေးနှိုးဆော်ထားသည်။

အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်းအဓမ္မ ခိုင်းစေခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် KNLA ထံသို့ လာရောက်လက်နက်ချ အလင်းဝင်ကြန်ရန် ဖုန်း နံပါတ်- ၀၉၄၄၉၁၃၂၆၇၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article