24.8 C
Yangon

ဒီပဲယင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး PDF ထံ အလင်းဝင်

Must read

ဒီပဲယင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး PDF ထံ အလင်းဝင်

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KAUNG KIN အဖွဲ့ မှ သတင်းနင့် ပြန်ကြားရေး တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁၁ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး KAUNG KIN အဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အလင်းဝင်ရောက် လာသော ပျူစောထီး ၁ ဦးသည် ကျည်ကာ ၊ ဖုန်း ၁ လုံး ၊ ကာဘိုင်ကျည် ၁၈ တောင့်၊ လက်ပစ်မိုင်း ၁ လုံး၊ ငွေသား သိန်း ၆၀ ခန့်ဖြင့် LOCAL MOBILE TEAM ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ အလင်းဝင်ရောက်လာတာပါ။ ဘယ်မြို့နယ် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ နယ်မြေခံဖြစ်တဲ့ ပျူစောထီးတွေကို ကိုယ်ဘက်ပါလာအောင် ပြန်စည်းရုံးနိုင်ပြီး အလင်းဝင်နိုင်အောင် ကြိုစားမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေး တစ်ခုရဲ့ အောင်မြင်မှုတစ်ခုလို့ ယူဆလို့ရတယ်။ ဒီပျူစောထီးတွေ နယ်မြေခံတွေသာ မရှိဘူးဆိုရင် ကျန်တဲ့ ရောက်ရှိနေတဲ့ စကစတွေ ဆိုတာက နယ်မြေ မကျွမ်းကျင်တဲ့အတွက် သူတို့မှာ သွားရေးလာရေး ခက်ခဲတယ်လို့ မြင်တယ်။ ဒါကြောင့် ရန်သူကို အင်အား နည်းစေပြီး ကျွန်တော်တို့ ပြည်သူဘက် အားများလာစေတာဖြစ်တဲ့အတွက်ကြောင့်မို့လို ကမ်းလှမ်းလာတဲ့ ဒီပျူစောထီးပဲဖြစ်ဖြစ် စကစ ပဲဖြစ်ဖြစ် ဘယ်လိုဟာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ လက်ကမ်းကြိုဆိုတာ ကောင်းပါတယ်လို့ပြောချင်ပါတယ်။ ကျွန်တော်တို့က ပစ္စည်းယူဆောင်မှု အပိုင်းမှာ မူတည်ပြီး အဲဒါတွေက အလုပ်ရတာဖြစ်တဲ့အတွက် အခုအနေအထားအတိုင်းဆိုရင် ဂုဏ်ပြုဆုချီးမြှင့်တာမျိုးလုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။ သူကိုယ်တော့ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်။ ဒီလောက်ပဲ လောလောဆယ် လုပ်ပေးနိုင်အုံးမယ်” ဟု KAUNG KIN အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article