မြင်းခြံမြို့နယ်၊ ဆုံရွာပျူစောထီးစခန်းကို လက်နက်ကြီး၊ Fixed Wings Drone များဖြင့် တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာ ပျူစောထီးစခန်းကို လက်နက်ကြီး၊ Fixed Wings Drone များ ဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း TGYR-ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၁၀ ရက် နေ့က မြင်းခြံမြို့နယ်၊ ဆုံရွာပျူစောထီးစခန်းရှိ စစ်သား၊ ပျူစောထီးများ နားနေ ဆောင် ၊ Jammer တပ်ဆင်ထားသည့်နေရာနှင့် စစ်သား၊ ပျူစောထီးများ ကင်းစောင့်နေသည့် နေ ရာ တို့ကို Fixed Wings Drone များ ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဗုံးကျဲပစ်ခတ်တိုက်ခိုက်မှုများအတွင်း စစ်သား၊ ပျူစောထီးများ နားနေဆောင်နှင့် ကင်းစောင့် နေသည့် နေရာတို့မှ စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘက်တွင်လည်း ၈၀ မမ လက်နက်ကြီးပြောင်းကွဲကာ Fixed Wings Drone လည်း ပျက်ကျခဲ့ ကြောင်း သိရသည်။
“ခွေးတွေဘက်ကလည်း ပြန်ပစ်တာတော့ရှိပါတယ်။ ၆၀ မမ၁၀ လုံးလောက်အထိ ပြန်ပစ်တယ်။ ကျနော်တို့ဘက်ကတော့ အလုံး ၂၀ ကျော်ပြန်ပစ်ထားခဲ့တာ။ Fixed Wings Drone တစ်စီး ပျက်ကြခဲ့ တာပါ” ဟု TGYR-ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို TGYR-ပြောက်ကျားတပ်ဖွဲ့ (TGYR-Drone Teams) နှင့်အတူ မြင်းခြံမြောက် ပိုင်းသားများပြောက်ကျားတပ် (MNGF) ၊ ဧရာဝတီမင်းသားပြောက်ကျားတပ် ၊ ရွှေဂျိုးဖြူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (MGN) ၊ SMK Group ၊ Aung San’s Blood Civilians Defense Force (ABCDF) ၊ နယ်စည်းမခြားလက်နပ်ကြီးတပ်ဖွဲ့ (ငါန်းဇွန် ဇင်ယော်နီပြောက် ကျားတပ်ဖွဲ့) ၊ Revolu -tionary Air Force (Myaung) ၊ M.D.F Drone ကျားခင်စိန် တပ်ဖွဲ့ ( Myaung ) ၊ ငါန်းဇွန် အားမာန် သစ်တပ်ဖွဲ့ ၊ ဧရာမြွေပွေး တပ်ဖွဲ့ (ငါန်းဇွန်) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
