Khit Thit သတင်းဌာန၏ မေ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မေ ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီဘက်က မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်တိုးမြှင့်လာဖို့ ရှိနေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို အသိပေး ပြောဆိုထားပါတယ်။
-အကြမ်းဖက် စစ်ကောင်စီက မေလ အကုန်အထိ သူတို့ စစ်တပ်ဘက်နေ အပစ်ရပ်ထားပါတယ်ပြောပြီး တစ်ဖက်မှာ တော့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်နေရာမှာ TNLA သိမ်းပိုက်ထားတဲ့ မန်တုံ၊ မိုင်းငေါ့ နဲ့ နောင်ချိုမြို့နယ်တို့ကို လေယာဉ်နဲ့ ဗုံးကျဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ထားပြန်သလို နောက်ထပ် ၅ ဦးက ထိခိုက်ဒဏ်ရာတွေ ရထားတယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေ အတွက် အာဆီယံဒေသတွင်းမှာရှိတဲ့ သူဌေးကြီးတွေရဲ့ ကူညီပံ့ပိုးမှုတွေပါ ရှိနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
