26 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တစ်ဖက်သတ် ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကို လက်ခံမှာမဟုတ်ဘူးလို့ အတိအလင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်ကိုင်းတိုင်းက ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီက စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူ အယောက် ၂၀ နဲ့ ဆရာမ ၂ ဦးသေဆုံးမှုကို ကုလသမဂ္ဂ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြလိုက်ပြီး ၊ မြန်မာစစ်အုပ်စုကို ကူညီနေ တာတွေ ရပ်တန့်ကြဖို့ကိုပါ တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီဘက်က ကလေးသူငယ်နဲ့ အရပ်သားပြည်သူတွေပါမချန် လေကြောင်းကနေ ဗုံးကျဲသတ်ဖြတ် တိုက်ခိုက်မှုတွေကို အရှိန်မြှင်နေတဲ့အတွက် လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်ဖို့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားရာ မြိုင်မြို့နယ်အတွင်းက စာသင်ကျောင်းတွေကို ယာယီပိတ် သိမ်းထားမှာဖြစ်တယ်လို့ မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article