27.7 C
Yangon

နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု စစ်‌ကောင်စီ တပ်သား ၈ ဦး သေဆုံး

Must read

နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု စစ်‌ကောင်စီ တပ်သား ၈ ဦး သေဆုံး

ရန်ကုန်၊ မေ ၁၄

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်ရာ စစ်‌ကောင်စီ တပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း များပြားကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၅ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ပြည်သူတွေ အားလုံး စိတ်မပျက်ပါနဲ့ ကျနော်တို့ တပ်ဖွဲ့တွေ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ကြိုးစား တိုက်ခိုက်နေပါတယ်။ အတွင်း သတင်းအရတော့ ဒဏ်ရာရတဲ့ ပြုစုနေတဲ့သိရတယ်။ သေသွားတဲ့ စစ်ခွေးအလောင်းတွေကိုတော့ အဝတ်တွေနဲ့ ထုပ်ထားတယ်တဲ့ တိုက်ပွဲကြားချိန်ကတော့ ၁ နာရီလောက်ကြာတယ်” ဟု နတ်စစ်သည်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း၃၈၀၁ တပ်ရင်းမှ တပ်ခွဲများဖြစ်ကြသည့် တပ်ခွဲ ၃ နတ်စစ်သည်တပ်ဖွဲ့၊တပ်ခွဲ၄ BRA တပ်ဖွဲ့၊ တပ်ခွဲ၂ Phoenix တပ်ဖွဲ့၊ တပ်ခွဲ ၆ ဧရာညီနောင်တပ်ဖွဲ့နှင့် နတ်တလင်းမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article