27.7 C
Yangon

မြိုင်မြို့သို့ ဦးတည်၍ ထွက်လာသော စစ်ကြောင်းကို လိုက်လံချေမှုန်းတိုက်ခိုက်မှု စစ်သားအလောင်း ၈ လာင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

မြိုင်မြို့သို့ ဦးတည်၍ ထွက်လာသော စစ်ကြောင်းကို လိုက်လံချေမှုန်းတိုက်ခိုက်မှု စစ်သားအလောင်း ၈ လာင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၁၄

မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ ဦးတည်ကာ ထွက်လာသော စစ်တပ်စစ်ကြောင်းကို လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၈ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁ ရက်နေ့က ပခုက္ကူမြို့ တပ်မ ၁၀၁ နှင့်၎င်း၏လက်အောက်ခံ ခလရ ၂၅၄ တပ်ရင်းတို့ ပူး ပေါင်းထားသည့် စစ်တပ် စစ်ကြောင်းမှ အင်အားအလုံအရင်းဖြင့် မြိုင်မြို့နယ်သို့ ဦးတည်ကာ စစ် ကြောင်းထိုးလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ရည်မှန်းချက်ပန်းတိုင်သို့ မရောက်ပဲ မေလ ၇ ရက်နေ့တွင် ပခုက္ကူ တပ်မ ၁၀၁ သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုသို့ စစ်တပ်စစ်ကြောင်း ဆုတ်ခွာသွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာများအား နယ်မြေရှင်း လင်းရေး လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်သား အလောင်း ၈ လောင်း၊ စစ်ကောင်စီတပ်သား များ အကိုင်ဆောင် အသုံးပြုသည့် MA 1 အမျိုးအစား သေနတ် ၁ လက် ၊ ၎င်းကျည် ၅၀၀ ကျော် နှင့် အ ခြား ခဲယမ်းပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“မြိုင်မြို့ကို လာဖို့ စမ်းတာထင်တယ်။ စစ်မှုထမ်းကလူတွေအသုံးပြုပြီး အင်အားအများအပြားနဲ့ ထိုး လာတာပါ၊ နောက်ထပ်ခွေးသေထိခိုက်မှုသတင်းတော့ မကြားမိဘူး” ဟု မြိုင်ပကဖမှတာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပကဖ စုဖွဲ့မှုတပ်၊ မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ပခုက္ကူ ပကဖ တပ်ရင်း ၁ ၊ ပခုက္ကူ ခရိုင်အမှတ် (၂/၆/၇/၁၄/၁၅/၁၇) တပ်ရင်း ၊‌ ကျောင်းသားတပ်မတော် (ABSDF) ၊ ကမ္မတပ် ပေါင်းစု ၊ 8+တပ်ပေါင်းစု၊အညာမြေတပ်ပေါင်းစု ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ PPDF ၊ PLC တပ်ပေါင်းစု ၊ Bo Brother တပ်ပေါင်းစု ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ ၊ Earthquake တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article