အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် “အညာ ဗုံးခိုကျင်း ကမ်ပိန်း” စတင်
အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် “အညာ ဗုံးခိုကျင်း ကမ်ပိန်း” စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို ကမ်ပိန်းကို မေလ ၁၅ ရက်နေ့မှ စတင်၍ ဇွန်လ ၁၅ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပြီး အညာဒေသ ကလေးငယ်များကို လေကြောင်းရန် ကာကွယ်ရေးအတွက် ဗုံးခိုကျင်း ကမ်ပိန်း စတင်မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ သည် နေ့စဉ်နှင့် အမျှ ပြည်သူများကို ဦးတည်ပြီး ပစ်မှတ်ထား ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူလူထုများ အသက်အန္တရာယ် မထိခိုက်စေရန်အတွက် ဗုံးခိုကျင်း ကမ်ပိန်း ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဗုံးခိုကျင်း တစ်ခုလျှင် သိန်း ၂၀ ကျပ် ကုန်ကျမည်ဖြစ်ပြီး အခု ၃၀ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့ ကမ်ပိန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အညာဒေသမှ နေစဉ်နဲ့အမျှ ဒီကလေးတွေ အပေါ်ပစ်မှတ်ထားပြီး ဗုံးကျဲတာ စာသင်ကျောင်းတွေအပေါ် ကျဲတဲ့ အချိန်မှာ ကလေးငယ်တွေရဲ့ အသက်တွေအများကြီးဆုံးရှုံးရတာရှိတာပေါ့။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အနေနဲ့ ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ မြေပြင်ရဲ့ လုပ်ဆောင်ချက်တွေကို ဗုံးခိုကျင်းတည်ဆောက်နေတာတွေကို အင်တာနက်ပေါ်မှာ မတင်ဘဲနဲ့ အလှူရှင်တွေရဲ့ကြားမှာပဲချိတ်ဆက်ပြီးတော့ ကျနော်တို့ ဗုံးခိုကျင်းတွေကို တည်ဆောက်သွားပါမယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ကမ်းပိန်းတွင် ပါဝင်လှူဒါန်းခြင်းသော အလှူရှင်များအနေဖြင့် To Comrades – ရဲဘော်များသို့
https://www.facebook.com/share/16Xci4XjV2/ Telegram: https://t.me/AnyarPyittTieHtaung/5700 ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
