26.3 C
Yangon

ယင်းမာပင်၊ ရေကြည်ပင်ရွာကို ဝမ်ပေါင် ကုမ္ပဏီ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အသက် ၁၈ နှစ်အရွယ် ကျောင်းသူ ၁ ဦးသေဆုံး

Must read

ယင်းမာပင်၊ ရေကြည်ပင်ရွာကို ဝမ်ပေါင် ကုမ္ပဏီ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အသက် ၁၈ နှစ်အရွယ် ကျောင်းသူ ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရေကြည်ပင်ရွာကို ဝမ်ပေါင် ကုမ္ပဏီ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၁၈ နှစ်အရွယ် ကျောင်းသူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ ရေကြည်ပင်ရွာကို ဝမ်ပေါင် ကုမ္ပဏီ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ရေကြည်ပင်ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၈ နှစ် အရွယ် မသိမ့် Grade -12 ကျောင်းသူ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီက တော်လှန်ရေးကို ဖယိုဖရဲ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူလူထုကို ဘာကြောင့်ညာကြောင့် ခေါင်းစဉ် တက်ပြီးတော့မှ လက်နက်ကြီး ရမ်သန်းပစ်တယ်။ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ စစ်ကောင်စီက ဒီလိုမျိုး ဘယ်သူ့ကြောင့် ဘယ်ဝကြောင့် မဟုတ်ဘဲနဲ့ သူရဲ့ အာဏာတည်မြဲရေးကို ခေတ်တိုင် ခေတ်တိုင်းမှာ ဒီလိုလုပ်ခဲ့တယ် ဆိုတာကို သတိချက်ဖို့လိုပါတယ်။ ဒီဖြစ်စဥ်မှာတော့ ထူးခြားတာက တရုတ်ကုမ္မဏီကို လုံခြုံးရေးယူးထားတဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ အတိအကျ သတင်းပေးပို့ချက်တွေကိုပါတယ်ဆိုတာကို ကျွန်တော်တို့ ပြန်ကြားသိရတဲ့အတွက် ဒါတွေက ကျွန်တော်ဒီ ဘေးမှာရှိတဲ့ တရုတ်ကုမ္မဏီ တွေမှာလည်ပတ်နေကျတဲ့ ကျွန်တော်တို့ တရုတ် လုပ်ငန်းခွင်တွေ မလည်ပတ်ဖို့ အရေးဟာ ကျွန်တော် ဒီလုပ်သားတွေရဲ့လုပ်သားတွေသာ ထွက်မယ်ဆိုရင် တရုတ်လုပ်ငန်းခွင်တွေဟာ မလည်ပတ်တော့ဘဲနဲ့ တရုတ်အတွက်ရော စစ်ကောင်စီ အတွက်ပါ အများကြီး ထိခိုက်ဆုံးရှုံး သွားမှာဖြစ်တယ်။ အဲဒီအတွက်​ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ လက်ရှိ လုပ်ငန်းခွင်မှာ ရှိနေကျတဲ့ လုပ်သားတွေအနေနဲ့ပြည်သူလူထုနဲ့အတူတူ ရပ်တည် ပြီးတော့မှ လုပ်ငန်းခွင်ကနေ အမြန်ဆုံး ထွက်လာဖို့ အင်မတန် အရေးကြီးတယ်လို့ ပြောချင်ပါတယ် ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ရေကြည်ပင်ရွာမှ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article