26.2 C
Yangon

ညောင်‌ရွှေမြို့နယ်၊ ဘုရားတောင်ရွာကို စစ်တပ်နှင့် PNA အဖွဲ့က လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ညောင်‌ရွှေမြို့နယ်၊ ဘုရားတောင်ရွာကို စစ်တပ်နှင့် PNA အဖွဲ့က လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၁၅

ရှမ်းပြည်နယ်၊ ညောင်‌ရွှေမြို့နယ်၊ ဘုရားတောင်ရွာကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ပြောဆိုသည်။

မေလ ၁၅ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ဖက်ခြမ်းရှိ ဘုရားတောင်ရွာကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNA ပြည်သူ့စစ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ် ၁ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၅၉ မိနစ်ခန့်ကလည်း ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲ‌ကျေးရွာနှင့် ဟိုပန်နောက်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article