26.3 C
Yangon

ဆားလင်းကြီး၊ ညောင်ပင်ကြီးရဲစခန်းမှ ဆက်ကြေးထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

Must read

ဆားလင်းကြီး၊ ညောင်ပင်ကြီးရဲစခန်းမှ ဆက်ကြေးထွက်ကောက်သည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ ဆက်ကြေးထွက်ကောက်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းမှ စစ်ကောင်စီ တပ်သားများက ကုန်တင်ကားများကို ဆက်ကြေး ထွက်ကောက်နေစဉ် တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“ညောင်ပင်ကြီး ရဲစခန်းထဲက ကုန်ကားတွေကို ဂိတ်ထွက်ကောက်တာပါ။ မနေ့က ဂိတ်ကြေး ဆင်းဆင်းကောက်တဲ့ ၃ ယောက်ကို ဒီဘက်က‌ တော်လှန်ရေး ရဲဘော်တွေက ကားနဲ့ ဝင်ပစ်တာ စစ်ခွေး ၁ ကောင်သေတယ်။ ကိုယ့်ဘက်ကတော့ တစ်ယောက်ကျတယ်။ တစ်ယောက်ပဲ ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ရဲဘော်က စိုးရိမ်ရတယ်။ လက်နက် ချို့ယွင်းမှုကြောင့် တော်လှန်ရေးရဲဘော်‌တွေ ထိခိုက်ကျဆုံးခဲ့တာလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article