25.9 C
Yangon

တန့်ဆည်မြို့ပေါ်တွင် အထိုင်ချနေကြသော ခမရ ၃၆၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

တန့်ဆည်မြို့ပေါ်တွင် အထိုင်ချနေကြသော ခမရ ၃၆၁ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ မေ ၁၆

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်တွင် အထိုင်ချနေကြသော ခမရ – ၃၆၁ တပ်တွင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂လက် ယူဆောင် အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ်-၅၂ ဗျူဟာ-People’s Defence Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁၂ ရက်နေ့တွင် တန့်ဆည်မြို့ပေါ်တွင် အခြေစိုက်အထိုင်ချနေကြသော အကြမ်းဖက်စစ်ကောင်စီ ခမရ – ၃၆၁ တပ်တွင်းမှ စစ်မှုထမ်း တပ်သား ၂ဦးသည် ဗျူဟာ – ၅၂ ပေါ်ဦးစစ်ကြောင်းသို့ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် MA-2 ၁ လက်၊ MA- 3 ၁ လက်နှင့် လက်နက် ခဲယမ်း ၊ ကျည်အပြည့်စုံဖြင့် စစ်မှုထမ်း တပ်သားသစ် ၂ဦး ဗျူဟာ – ၅၂ စစ်ကြောင်းမှ ၁ ဦးလျှင် ငွေကျပ်သိန်း (၅၀)စီ ဆုချီးမြှင့်ပေးပြီး ကောင်းမွန်သော အစားအသောက်၊ နေရာထိုင်ခင်း တို့ဖြင့် နွေးထွေးလုံခြုံစွာ ကြိုဆိုထားကြောင်းသိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့ ၂ ဦးက ပေါ်တာဆွဲထားခံရသူတွေပါ။ အလင်းဝင်ရောက်လာတဲ့ သူ ၂ဦးကတော့ ဘယ်မြို့နယ်ကလဲဆိုတော့ အဲ့ဒါကတော့ လုံခြုံရေးအရ ပြောပြလို့မရပါဘူး။ သူတို့မိသားစုတွေ ရှိနေသေးလို့ပါ။ အလင်း၀င်လာသူတွေရဲ့ မိသားစုလုံခြုံရေးအခြေအနေကြောင့် နေရပ်လိပ်စာဖြေကြားလို့မရတာကိုနားလည်ပေးပါ။ အလင်းဝင်ရောက် ဝင်ရောက်လာတဲ့သူတွေက စစ်မူထမ်း အပတ်စဉ် ၇ လို့သိရတယ်။ သူတို့အလုပ်ကိစ္စနဲ့အပြင်ထွက်တော့ အတင်းအဓမ္မ စစ်သားစု‌ဆောင်းရေးတေက တင်ခေါ်သွားကြတာပါ။ သူတို့တပ်မှာ ကြီးနိူင်ငယ်ညှင်းတေ အတင်းအဓမ္မ အနိုင်ကျင့်မှုတွေကိုမခံနိူင်လို့ သေချင်သေဆိုပြီး ကျနော်တို့ ပေါ်ဦးစစ်ကြောင်းရှေ့ကင်းရှိရာဆီ ထွက်လာခဲ့ကြတာပါ။ ဘယ်မှာ သင်တန်းရောက်ခဲ့တယ်ဆိုတော့ စစ်ဆေးနေဆဲပါ။ အကြမ်းဖက်စစ်ကောင်စီ တပ်မှာ တာ၀န်မထမ်းပဲ ပြည်သူ့အတွက် ပြည်သူ့ဖက်ကရပ်တည်မယ်ဆိုရင် ပေါ်ဦးစစ်ကြောင်းအနေနဲ့ ကူညီပေးမှာဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်ထဲမှာကျန်ရှိနေသော တပ်သားများကိုသတင်းပါးပါရ‌စေ”ဟု အမှတ်-၅၂ဗျူဟာ-People’s Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလင်းဝင်ရောက်လိုသော တပ်သားများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ ဘက်မှ မိမိတို့ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများဘက်သို့ အလင်းဝင်လာမည်ဆိုပါက နွေးထွေးစွာကြိုဆိုမည် ဖြစ်ကြောင်း နှင့် ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး အလင်းဝင်ရောက်ခိုလှုံကြပါလို့ အမှတ်-၅၂ ဗျူဟာ-People’s Defence Force မှ အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article