27.2 C
Yangon

စစ်ကောင်စီက ကလေးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုကို တရုတ်နိုင်ငံက တားဆီးပေးရန် မြန်မာ နိုင်ငံ ဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) တောင်းဆို၊ တရုတ်အကူအညီဖြင့် မြန်မာစစ်တပ်က လေယာဉ်ဗုံးများ ပြည်တွင်းတွင်ပင် ထုတ်လုပ်နေ

Must read

စစ်ကောင်စီက ကလေးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုကို တရုတ်နိုင်ငံက တားဆီးပေးရန် မြန်မာ နိုင်ငံ ဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) တောင်းဆို၊ တရုတ်အကူအညီဖြင့် မြန်မာစစ်တပ်က လေယာဉ်ဗုံးများ ပြည်တွင်းတွင်ပင် ထုတ်လုပ်နေ

ရန်ကုန်၊ မေ ၁၇

အကြမ်းဖက်စစ်ကောင်စီက ကလေးငယ်များကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုကို တရုတ်နိုင်ငံက တား ဆီး ပေးရန် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ယနေ့ ထုတ်ပြန်တောင်းဆိုသည်။

မေလ ၁၂ ရက်နေ့ ဒီပဲယင်းမြို့နယ် မြန်မာစစ်အုပ်စု၏ ကြောက်မက်ဖွယ်ရာ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ် ၂၂ ဦး သေဆုံးခဲ့သည့်ဖြစ်ရပ်အပေါ် မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) အနေဖြင့် အလွန်တရာ တုန်လှုပ်ခြောက်ခြားပြီး စက်ဆုပ်ရွံရှာမိကြောင်း၊ ကလေးသူငယ်များအပေါ် စစ်အုပ်စု၏ ရိုင်းစိုင်းကြမ်းကြုတ်သောတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်စေရန်အလို့ငှာ၊ SAC-M က တရုတ်နိုင်ငံကို ၎င်း၏ သိသာထင်ရှားသောသြဇာအာဏာကို စစ်အုပ်စုအပေါ် အသုံးပြုပေးပါရန် တောင်းဆိုသည်။

မေလ ၁၂ ရက်နေ့ တိုက်ခိုက်မှုသည် ကလေးသူငယ်များနှင့် စာသင်ကျောင်းများကိုပစ်မှတ်ထား၍ ထပ်ခါတလဲလဲ၊ ရည်ရွယ်ချက်ရှိရှိပြုလုပ်နေသော တိုက်ခိုက်မှုများ၏အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့သောတိုက်ခိုက်မှုများ၏ ထင်ရှားသောဥပမာတစ်ခုမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် “လက်ယက်ကုန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု” ဟု ယခုအခါ လူသိများသော ဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ ထိုဖြစ်စဉ်၌ စစ်အုပ်စုတပ်ဖွဲ့များက ဒီပဲယင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ စာသင်ကျောင်းတစ်ခုကို လေကြောင်းနှင့် မြေပြင်မှ ရက်စက်စွာတိုက်ခိုက်ခဲ့သောကြောင့် ကလေးသူငယ် ခုနစ်ဦးအပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ရကြောင်း၊ ထို့အပြင်၊ သက်သေအထောက်အထားများ ဖျောက်ဖျက်ရန်ကြိုးပမ်းသည့်အနေဖြင့် စစ်အုပ်စုတပ်များက အလောင်းအများအပြားနှင့် ဒဏ်ရာရကလေးသူငယ်များကို ဖယ်ရှားခဲ့ကြောင်း SAC-M က ဆိုသည်။

တရုတ်နိုင်ငံက လားရှိုးမြို့ထိန်းချုပ်ခွင့်ကို စစ်အုပ်စုထံသို့လွှဲအပ်ရန် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကို တရုတ်နိုင်ငံက မကြုံစဖူး ကြားဝင်စွက်ဖက်၍ အတင်းအကျပ် ဖိအားပေးခဲ့ပြီးနောက် တစ်လမပြည့်မီတွင် စစ်အုပ်စု၏ နောက်ဆုံး ကလေးသူငယ်များအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုလုပ်ရပ်များက တရုတ်နိုင်ငံ၏ သဘောထားကို ပိုမိုရှင်းလင်းစွာဖော်ပြနေကြောင်း၊ တရုတ်နိုင်ငံက မိမိ၏ အကျိုးစီးပွားများရရှိရေးအတွက် မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာကို ချိုးဖောက်ရန် ဝန်မလေးကြောင်းပြသခြင်းဖြစ်သည့်အပြင်၊ ထိုအကျိုးစီးပွားများအောင်မြင်ရန်အလို့ငှာ စစ်အုပ်စုကို မိမိ၏ တဆင့်ခံကန်ထရိုက်ယူထားသည့်ကြေးစားတပ်ဖွဲ့သဖွယ် အသုံးချနိုင်သည့်အတိုင်းအတာအထိ ရှိနေကြောင်းကိုလည်း သက်သေပြ အတည်ပြုလိုက်ကြောင်း SAC-M က ထောက်ပြသည်။

တရုတ်နိုင်ငံသည် မြန်မာစစ်တပ်အား ကာလရှည်ကြာစွာပင် သိသာထင်ရှားသော နိုင်ငံရေးနှင့် စစ်ရေးအထောက်အပံ့များ ပေးအပ်ခဲ့ကြောင်း၊ ထိုအထောက်အပံ့များထဲတွင် တိုက်လေယာဉ်များနှင့် လေကြောင်းမှကြဲချသော ဗုံးများလည်းပါဝင်ပြီး ၎င်းတို့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အုပ်စု၏ မအောင်မြင်အထမမြောက်လိုက်သည့် အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားများအပေါ် အဖျက်စွမ်းအားကြီးမားလှသည့်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် အသုံးပြုခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် SAC-M ၏ မကြာမီထွက်ပေါ်လာမည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ တရုတ်နိုင်ငံက မြန်မာစစ်တပ်ကို အခရာကျသောနည်းလမ်းဖြင့် ကူညီခဲ့ပြီး မြန်မာနိုင်ငံရှိ လက်နက်စက်ရုံများတွင် လေကြောင်းမှကျဲချသောဗုံးများအား ပြည်တွင်း၌ပင် ထုတ်လုပ်မှုကို တည်ထောင်စေရန်နှင့် ရေရှည်တည်တန့်နိုင်စေရန် ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် လေးနှစ်ကြာ တနိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးဖြစ်ပွားခဲ့ပြီးနောက်၊ ယခုအခါ စစ်အုပ်စုသည်နိုင်ငံခြားမှ ကြားဝင်စွက်ဖက်မှုနှင့် အထောက်အပံ့အပေါ် လုံးလုံးလျားလျားမှီခိုနေရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ ဤသို့မှီခိုနေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၎င်း၏ပြိုလဲမှုကို ရှောင်ရှားရန်နှင့် အရပ်သားပြည်သူလူထုအပေါ် ပြင်းထန်လွန်ကဲလှသည့် ဆင်းရဲဒုက္ခများ ဆက်လက် သက်ရောက်စေရန်ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံထံမှအကူအညီကို အဓိက အားထားနေရခြင်းဖြစ်ကြောင်း SAC- က ဆက်လက်ပြောဆိုသည်။

ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ကြီးမားလှသည့်သြဇာအာဏာကို အသုံးပြုကာ ကလေးသူငယ်များအပေါ် စစ်အုပ်စု၏ ရိုင်းစိုင်းကြမ်းကြုတ်သောလုပ်ရပ်များကို ချက်ချင်းအဆုံးသတ်ပေးရန် တောင်းဆိုလိုက်ကြောင်း၊ ထိုသို့ အဆုံးသတ်ရေးကြိုးပမ်းမှု၏ တစိတ်တပိုင်းအနေဖြင့် စစ်အုပ်စုထံသို့ တိုက်လေယာဉ်များ၊ ဂျက်တိုက်လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ် (ဒရုန်းများ) အပါအဝင် တိုက်ခိုက်ရေးလေယာဉ်များ၊လေကြောင်းမှကြဲချသောဗုံးများ၊နှစ်ဖက်သုံးကုန်ပစ္စည်းများနှင့် နည်းပညာ၊လေယာဉ်ဆီ နှင့်မြန်မာနိုင်ငံတွင် လေကြောင်းမှကြဲချသောဗုံးများအား ပြည်တွင်း၌ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော အခြားပစ္စည်းများနှင့် အထောက်အပံ့များ ရပ်ဆိုင်းရန်လည်း တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article