26.4 C
Yangon

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်လစခန်းကို KNU က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုင်းရောက် မြန်မာစစ်ဘေးရှောင်ပြည်သူ ၅၁၀ ဦးအိမ်ပြန်ကြပြီ

Must read

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်လစခန်းကို KNU က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုင်းရောက် မြန်မာစစ်ဘေးရှောင်ပြည်သူ ၅၁၀ ဦးအိမ်ပြန်ကြပြီ

ရန်ကုန်၊ မေ ၁၇

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်လစခန်းကို KNU က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုင်းရောက် မြန်မာစစ်ဘေးရှောင်ပြည်သူ ၅၁၀ ဦးအိမ်ပြန်ကြပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

မေလ ၁၆ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ မယ်လ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီးနောက် ယနေ့တွင် မြန်မာစစ်ဘေးရှောင် ၅၁၀ ဦး အိမ်ပြန်ကြခြင်းဖြစ်သည်ဟု သိရှိရသည်။

နယ်စပ်တွင် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ ယာယီတိမ်းရှောင်ခဲ့ရသော မြန်မာစစ်ဘေးရှောင်ပြည်သူများကို ထိုင်းအာဏာပိုင်များက နေစရာနှင့် စားနပ်ရိက္ခာများ ပံ့ပိုးပေးခဲ့ကြပြီး ယနေ့ အိမ်ပြန်ချိန်တွင်လည်း သောင်ရင်းမြစ်အထိ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ စခန်းများကို KNLA မဟာမိတ်ပူးပေါင်းတပ်များက ဆက်လက် တိုက်ခိုက်သိမ်းပိုက်နေသဖြင့် မြန်မာဘက်အခြမ်းမှ ပြည်သူ ၅၀၀ ဝန်းကျင်က ထိုင်းနိုင်ငံသို့ တိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။

မေလ ၁၃ ရက်နေ့ ညနေပိုင်း KNU နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီ ခမရ ၂၄ တပ် ရင်း၏ တာလယ် ဗျူဟာ စစ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် မေ လ ၁၆ ရက်နေ့ညနေပိုင်း မယ်လ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တခေါ်ဘီခွီးစခန်းကို KNLA PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

KNU က မတ်လ၊ ဧပြီလနှင့် ယခု မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article