26.5 C
Yangon

ထားဝယ်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

Must read

ထားဝယ်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ မေ ၁၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း Launglone Peninsula Force – L P F မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Leo က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီ ၂၈ ရက်နေ့မှ စတင်၍ အရှေ့တောဒေသသို့ အင်အား ၂၀၀ ကျော်ပါဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို ဒေါနချေမှုန်းရေးတပ်ခွဲ ၇ LPF အဖွဲ့နှင့် ထားဝယ်အရှေ့တောဒေသရှိ တော်လှန်ရေး အင်အားစုများ ပူးပေါင်း၍ မေလ ၂ ရက်နေ့တွင် သရက်ငုတ်ရွာနှင့် ရမ္မဇူကျေးရွာ အကြားတွင် ပထမ အကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

မေလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဘဝပင်ကျေးရွာ တာဝါတိုင်အနီးတွင် ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့် မှ ၅ နာရီ ၃၅ မိနစ်ခန့်အထိ တတိယအကြိမ် ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ မေ ၁၀ ရက်နေ့ နံနက် ၇ နာရီမှ နံနက် ၈ နာရီအထိ ဘဝပင်ကျေးရွာ တာဝါတိုင်အနီးတွင် စတုတ္ထအကြိမ် ထိတွေ့တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦးထက်မနည်း​သေဆုံးခဲ့ပြီး စစ်သား ၄၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲများ အတွင်း တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၂ ဦးကျဆုံးကာ စိုးရိမ်ရသော ထိခိုက်ဒဏ်ရာ ရရှိသူ ၁ ဦးနှင့် မစိုးရိမ်ရသော ဒဏ်ရာ ၄ ဦးတို့ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါနချေမှုန်းရေးတပ်ခွဲ(၇)Launglone Peninsula Force-LPF နှင့် အတူထားဝယ်အရှေ့တောဒေသရှိတော်လှန်ရေးအင်အားစုများဖြစ်ကြသော ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း T5၊ DGRF ၊ DNLA ၊ DEF ၊ ဧဒင်မှူး ၊ EDF၊ က္လားသစ်နတ်၊ ဘီလုံးပြောက်ကျား၊ KNUတပ်မဟာ(၄)တပ်ရင်း(၁၂)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article