29.4 C
Yangon

ဖားကန့် -နန့်ယား-ကာမိုင်း လမ်းပိုင်းရှိ တံတားညီနောင်အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၁၈

ကချင်ပြည်နယ်၊ ဖားကန့် -နန့်ယား -ကာမိုင်းလမ်းပိုင်းရှိ တံတားညီနောင်အနီးတွင် တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၈ ရက် နံနက်ပိုင်းတွင် ဖားကန့်မြို့နယ်ဘက်သို့ ကာမိုင်း -နန့်ယား -ဖားကန့် လမ်းပိုင်း အတိုင်း အင်အား ၆၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်သားနှင့် ပြည်သူ့စစ်များကို တံတား ညီနောင် အနီးတွင် KIA ၊ KPDF ပူးပေါင်း တပ်ဖွဲ့ဝင်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား အများအပြား ထိခိုက်သေဆုံးမှု များပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်း ရရှိထားကြောင်း သိရှိရသည်။

“ဒီမနက်ဆိုရင်လည်း တံတားညီနောင်တဝိုက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်။ စစ်ကောင်စီ စစ်ကြောင်းက တစ်ရက်ကို နည်းနည်းချင်း ရှေ့တိုးလာတာ၊ တစ်လ အတွင်းမှာ တံတား ညီနောင် အထိရောက်လာတာပေါ့။ သူတို့က အထိအခိုက်သေဆုံးတာတွေ၊ လက်တွေ လက်နက်တွေ သိမ်း ဆည်း ရရှိတာ အမြောက်အများရှိတယ်။ လမ်းတလျှောက်မှာလည်း စစ်ခွေးတွေအများကြီး သေကြတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖားကန်မြို့နှင့် ဖားကန့် -နန့်ယား -ကာမိုင်းလမ်းပိုင်း၊ အင်းတော်ကြီး – ဝှေခါ – ဖားကန့်လမ်းကြောင်း များကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီတပ်က ဝေဟင်၊ မြေပြင်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်သားအင်အား ၆၀၀ ခန့်၊ တင့်ကား ၂ စီး၊ ဒရုန်းများ အသုံးပြုကာ ချီတက်လာနေခြင်းဖြစ်ကြောင်း သိရသည်။

“KIA ၊ KPDF တွေ နယ်မြေစိုးမိုးထိန်းချုပ်ထားတဲ့ ကာမိုင်း-နန့်ယားကားလမ်းပိုင်းကို သူတို့က ပြန်လည် ထိန်းချုပ်ချင်တာကြောင့် အဓိကစစ်ကြောင်းထိုးလာတာပေါ့၊ ပြီးရင် KIA ၊ KPDF တို့ ထိန်း ချုပ်ထားတဲ့ ဖားကန့်မြို့ကိုလည်း ပြန်လည်ထိန်းချုပ်ချင်တာ၊ ဖားကန့်မြို့မှာဆိုရင် KIA ၊ KPDF က နယ်မြေအများစုထိန်းချုပ်ထားတာပေါ့၊ မြို့ကို တော့မသိမ်းသေး ဘူး။ ဒါပေမယ့် နယ်မြေတွေ အများစုကို KIA ၊ KPDF တွေကထိန်းချုပ်ထားတာ၊ အဲဒါကြောင့် စစ် ကောင်စီက နယ်မြေစိုးမိုးမှု ပြန်လုပ်ချင်လို့ စစ်ကြောင်းထိုးလာတာ၊ တိုက်ပွဲတွေက တောက်လျှောက် ဖြစ်နေတယ်၊ ဒီဘက် တကြောမှာ။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article