မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ လှည်းကူးမရွာ စာသင်ကျောင်းအနီး အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် လှည်းကူးမရွာ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြာင်း တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် ၂ လုံးနှင့် ပြည်သူများ မွေးမြူထားသော နွား ၁ ကောင် သေခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ နံနက် ၅ နာရီ ၁၀ မိနစ်ခန့်မှာ လှည်းကူးမကျေးရွာ စာသင်ကျောင်းအနီးကို အကြမ်းဖက် စစ်တပ်က လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူတွေ ထိခိုက်မှုမရှိပေမယ့် နေအိမ် ၂ လုံးပျက်ဆီးပြီး နွား ၁ ကောင်သေဆုံးတယ်လို့ သိရတယ်” ဟု တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


