29.9 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် မင်းအောင်လှိုင်က သူတို့ စစ်တပ်အနေနဲ့ NLD အစိုးရကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ ပေမယ့် သူတို့ပြောသလို ကာ/လုံ မခေါ်တဲ့အပြင် ဥပဒေနဲ့မညီတဲ့ ကိစ္စရပ်များစွာကို လုပ်ဆောင်ခဲ့တယ်လို့ပြစ်တင် ပြောဆိုပြီး “ဒီမိုကရေစီက နုနု မုန်တိုင်းက ထန်ထန်” ဖြစ်ပေါ်ခဲ့ရတယ်ဆိုပြီးတော့ပါ အကြမ်းဖက် မင်းအောင်လှိုင် ကိုယ်တိုင်ပြောဆိုလာပြန်ပါတယ်။

-ကရင်ပြည်နယ် ၊ ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု တောက်လျှောက်သိမ်းပိုက်လာနေတဲ့ KNLA ပူးပေါင်းတပ်တွေက နောက်ထပ် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မော်ဖိုးကေ စစ်တပ်စခန်းကိုပါ နာရီပိုင်းလောက်သာ တိုက်ခိုက်လိုက်ရပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက် ရရှိသွားပြန်တယ်လို့ KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-အိန္ဒိယ-မြန်မာ နယ်စပ်၊ တမူးမြို့အနီးမှာ ပကဖ ၁၀ ဦး ကျဆုံးမှုအတွက် NUG က အိန္ဒိယအစိုးရနဲ့ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article