ဒီကနေ့ မေ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီက သူတို့ ဆုံးရှုံးထားတဲ့ နယ်မြေတွေ အမြန်ဆုံး ပြန်လည် သိမ်းယူရေး အတွက် ထိုးစစ်တွေကို အခု မေလနှောင်းပိုင်းကနေ စတင်တော့မှာဖြစ်ပြီး မိုးတွင်းကာလတွေမှာပါ လေကြောင်း တိုက်ခိုက်မှုတွေ နဲ့ နယ်မြေရှင်းလင်းမှုတွေ လုပ်ဖို့ အကြမ်းဖက် မင်းအောင်လှိုင်ဦးစီးပြီး လုပ်တဲ့ စစ်ရေးဆိုင်ရာ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်လို့ နေပြည်တော် စစ်တပ်သတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ဗဟိုပြုပြီး ဒီကနေ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာပဲ အင်အား ၃ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေနဲ့ ပြည်သူတွေပါ ထိတ်လန့်ခဲ့ရတယ်လို့ ဒေသခံ ပြည်သူတွေနဲ့ ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်လာရင် ခုခံကာကွယ်ဖို့အတွက်ဆိုပြီး လူငယ်တွေကို စစ်သင် တန်း ပေးဖို့ အတင်းအကျပ် လုပ်နေပြန်သလို စီးပွားလုပ်ငန်းရှင်တွေဆီကပါ တစ်ဦးကို ငွေကျပ် ၃ သိန်းစီနဲ့ အိမ်ထောင်တစ်စုကို ငွေကျပ် ၁ သောင်းစီ ကောက်ခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
