30 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း KIA က စစ်ရဟတ်ယာဉ် ၄ စီး နဲ့ တိုက်လေယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့ပြီး မေလ ၂၀ ရက်နေ့ဖြစ်တဲ့ မနေ့က ပစ်ချလိုက်တဲ့ Mi 17 စစ်ရဟတ်ယာဉ် ၂ စီးဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ကြေးရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ချီတက်လာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို KIA-PDF ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေတဲ့သူတွေတော်တော်ကိုများနေပြီး ၊ စစ်သားတွေရဲ့ မသာအလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထာပြန်တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ဘုရင့်နောင်တပ်မြို့မှာရှိတဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်းကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီဘက်က ဗိုလ်မှူး ၃ ဦးအပါအဝင် စစ်သား ၇ ဦးကတော့ အသီးသီး သေကုန်ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article