26 C
Yangon

မော်လမြိုင်၊ သံဖြူဇရပ် လမ်းပိုင်းရှိ အမတ ၃၁၈ တပ်ရင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ မေ ၂၂

မွန်ပြည်နယ်၊ မော်လမြိုင်၊ သံဖြူဇရပ် လမ်းပိုင်းရှိ အမတ ၃၁၈ တပ်ရင်းကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) က သတင်းထုတ်ပြန်ထားသည်။

မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် သံဖြူဇရပ် လမ်းမကြီးပေါ်ရှိ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ အမတ ၃၁၈ တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အပြန်အလှန် ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးကာ ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD)အဖွဲ့က ပြုလုပ်ခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article