ဒီကနေ့ မေ ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်ကောင်စီရဲ့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ စာသင်ပေးနေသူ ၀ဏ္ဏကျော် ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ဆိုသူကို တော်လှန်ရေးရဲဘော်တွေက သူ့ရဲ့ရန်ကုန်မြို့ နေအိမ်မှာပဲ ဝင်ရောက်ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ Golden Valley Warriors တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံကို တည်ကြက်ထားပြီး ဒေသတွင်း ထိန်းချုပ်ချင်တဲ့ နိုင်ငံတွေက ထိန်းချုပ်ဖို့ ကြံစည်နေတာတွေပြင် ၊ NLD ရဲ့ အာဏာရှင်ဆန်မှုကြောင့် တိုင်းပြည်ပြိုကွဲမယ့်အဖြစ်မျိုး ထပ်မံမဖြစ်ဖို့ လိုအပ်တယ်ဆိုပြီး လက်ရှိ တိုင်းပြည်ကို စစ်အာဏာသိမ်းမှုနဲ့ ပြိုကွဲအောင်လုပ်နေတဲ့ အာဏာရှင် အကြမ်းဖက် မင်းအောင်လှိုင်ကပဲ သူ့ရဲ့ ထုံးစံအတိုင်း တစ်ဖက်ကို အပြစ်ဖို့ပြီး အပုတ်ချ ပြောဆိုလာပြန်ပါတယ်။
မန္တလေးမြို့က စာသင်ကျောင်း၊ ဘောလုံးကွင်းနဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံတွေမှာ ခိုလှုံနေရတဲ့ ငလျင်ဘေးသင့် ဒုက္ခသည်တွေကို အခု မေလကုန် အပြီးဖယ်ရှားပေးဖို့ အကြမ်းဖက် စစ်ကောင်စီက အမိန့်ထုတ်လာပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
