ရန်ကုန်၊ မေ ၂၂
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ မျောက်ချောကုန်းရွာတွင် စစ်မှုထမ်းကြေး မပေးနိုင်သော ပြည်သူများကို စစ်တပ်ခေါ်၍ လိုက်လံ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး သန်းလွင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ လွှဇင်အုပ်စု မျောက်ချောကုန်းရွာတွင် စစ်မှုထမ်းကြေးဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ် ၃ သိန်းပေးရန် တောင်းခံပြီး မပေးနိုင်တဲ့ ပြည်သူများကို စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်နေသည့် အုပ်ချုပ်ရေးမှူး ကိုသန်းလွင်ကို သာလိကာနှင့် ဂွေးချောင်းကြီးအနီး ကားလမ်းပိုင်းတွင် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူများကို အနိုင်ကျင့် စစ်မှူမဖြစ်မနေထမ်းခိုင်း နေသောအုပ်ချုပ်ရေးမှူးများကို နေရာမဆိုင် သုတ်သင် ရှင်းလင်းသွားမည်ဖြစ်ကြောင် သတိပေးငြာအပ်ပါသည်။ မိဘပြည်သူများအနေဖြစ် စကစနှင့် စကစ၏စက္ယန္တရားများနှင့် ဝေးဝေးရှောင်ကြပါရန် သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က သတိပေးနှိုးဆော်ထားသည်။
